ဟိုပန်မြို့၌ Quarantine Center များပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး
Jul 23,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များဖြစ်ကြသော ဒုတိယဗိုလ်မှူးကြီးအောင်ကျော်စိုး၊ ဒုတိယရဲမှူးကြီးစိုးပိုင်၊ ဦးမျိုးညွှန့်
(ဒုတိယညွှန်ကြားရေးမှူး)၊ ဦးထွန်းထွန်းဝင်း (အတွင်းရေးမှူး)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့နံနက် ၁၀ နာရီမှ စတင်ကာ အခြားဒေသမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား ထားရှိမည့် Quarantine Centre များ ပြင်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။