သန်လျင်မြိုနယ် ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန် ဇူလိုင် ၂၃

ရန်ကုန်တောင်ဏိုင်းခရိုင် (သန်လျင်) အထွေထွေရောဂါကုဆေးရုံကြီးတွင် ကိုဗစ်- (၁၉) ရောဂါ ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း  ယမန်နေ့ မွန်းလွဲပိုင်း က အဆိုပါ အထွေထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်) အထွေထွေရောဂါကုဆေးရုံတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ ချိုချိုလွင် က ရှင်းပြရာတွင် ကျွန်မတို့ဆေးရုံကို ဇွန်လလောက်ကစပြီး ကိုဗစ်- ၁၉ ရောဂါ ပြန်လည် ဖြစ်ပွားတဲ့ လူနာတစ်ဦးစ နှစ်ဦးစလောက်တော့လာပြပါတယ်။ အခု ဇူလိုင်လ ဆန်းပိုင်းမှာ ဖျားလို့လာပြတာ အနံပျောက်လို့လာပြသူတွေများလာပြီး စစ်ဆေးမှုတွေအရ ပိုးတွေ့ရှိတဲ့ လူနာတွေများလာတာတွေ့ရပါတယ်။ အခုကျွန်မတို့ လက်ရှိအရေးပေါ် ကုသပေး နေရတာ ၅၀ ကျော်လောက်ရှိပါတယ်။ ကျန်တဲ့ပိုးတွေ့အတည်ပြုလူနာတွေကို သက်ဆိုင်ရာ ကုသရေးစင်တာများကို ပို့ဆောင်ကုသပေးနေကြပါတယ်။ ကျွန်မတို့ဆေးရုံမှာ အဓိက လိုအပ်ချက်ကတော့ အောက်စီဂျင်အိုးပါဘဲ ဆေးရုံမှာရှိတဲ့ အောကဆီဂျင်အိုးအလုံး ၅၀ က မလောက်ပါဘူး။ နောက်တစ်ခုက ဆရာဝန်အင်အားပါ။ လက်ရှိရှိတဲ့ အင်အားနဲ့ ကျွန်မတို့ အားတင်းပြီး ကျော်ဖြတ်နေပါတယ်။ နေ့စဉ် ဖျားနာပြီး အနံ့ပျောက်သူတွေ များပြား လာတဲ့အတွက် ပြည်သူများအနေနဲ့ ဖြစ်နိုင်ရင် မိမိတို့နေအိမ်မှာဘဲနေကြပါ။ လိုအပ်လို့ အပြင်ထွက်ရရင်လဲ လုံခြုံတဲ့အကာအကွယ်တွေပြုလုပ်ပြီးမှထွက်ကြပါ။ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုကောင်းပါတယ်။ ကူးစက်မှုမြန်လို့ အားလုံးကျန်းမာရေး ဂရုစိုက်ကြပါလို့ တိုက်တွန်းပါကြောင်း ပြောကြားသည်။

သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကုသရေးစင်တာ ၃ နေရာပြင်ဆင်ထားရှိပြီး ကုသရေးလုပ်ငန်းများ စတင်ဆောင်ရွက်ပေးနေပြီး ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများအား မြို့နယ် ကိူဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့များပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။