သာယာဝတီမြို့နယ်တွင် မိုဘိုင်းစနစ်ဖြင့် ရပ်ကွက်/ကျေးရွာများအတွင်း လှည့်လည်ရောင်းချ
Jul 23,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ စျေးသည်များအသင်းမှ Mobile Market စျေးကားများ၊ သုံးဘီးယာဉ်များ၊ အနှေးယာဉ်ဆိုက္ကားများဖြင့် ယနေ့နံနက်ပိုင်းတွင် သာယာဝတီ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာပြည်သူများ စားဝတ်နေရေး အဆင်ပြေချော့မွေ့စေရေး အတွက် မိမိတို့နေအိမ်ရှေ့တွင် အလွယ်တကူ ဝယ်ယူစားသုံးနိုင်ရန် လှည့်လည် ရောင်းချပေး လျက်ရှိကြောင်း သိရသည်။