ရန်ကုန် ဇူလိုင် ၂၃
ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ လျော့နည်းစေရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ဈေးများအတွင်း အသိပေးနှိုးဆော်ချက်များအား အသံချဲ့စက်များဖြင့် လှည့်လည် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့နည်း စေရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအား သိရှိလိုက်နာရမည့် စည်းကမ်းချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြစေရန်အတွက် သင်္ဃန်းကျွန်းစျေးနှင့် စံပြစျေးများအတွင်း လှည့်လည်၍ အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။