မြဝတီ ဇူလိုင် ၂၃
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ တတ်လျက် ရှိကြောင်းသိရသည်။
ထိုသို့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သောင်းရင်းမြစ်ရေတတ်ကာ မြဝတီမြို့ အမှတ် (၁)ရပ်ကွက်ရှိ သဲပုံဂိတ်ဘက်ခြမ်းမြေနိမ့်ပိုင်းနေရာများတွင် ယမန်နေ့ည (၁၂)နာရီအချိန်က မြစ်ရေဝင်ရောက်မှုများ ရှိခဲ့သည်။အဆိုပါမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးကြုံတွေ့နေရသည့် ပြည်သူများအား မြဝတီခရိုင်မီးသတ် တပ်ဖွဲ့များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များက လှေများဖြင့် ကူညီကယ်ဆယ်ခဲ့ကြောင်း သိရသည်။