သတင်းများ

မိုးနဲမြို့ ပြည်သူ့ဆေးရုံ နှစ်ထပ်တိုးချဲ့လူနာဆောင်အသစ် တည်ဆောက်မှု ၉၅ ရာနှုန်းပြီးစီး
Jul 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံ နှစ်ထပ်ထိုးချဲ့ လူနာ ဆောင်အသစ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ချယ်ရီဘုရင်မ ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက် ပေးလျက်ရှိရာ  ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ပြည်သူများအား လိုက်လံအသိပေးနှိုးဆော်
Jul 23,2021
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာ ပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အောက်ဆီဂျင်များ ဖြန့်ဝေပေး
Jul 23,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် အောက်ဆီဂျင် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်အောက်ဆီဂျင်ဖြန့်ဝေပေးရေးအထောက်အကူပြုကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် အရေးပေါ်လူနာများအတွက် အောက်ဆီဂျင်များ စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဖြတ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌   ကိုဗစ်-၁၉ အတည်ပြု လူနာထားရှိရန်နှင့် ဆေးသိုလှောင်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ပဲခူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့် အသိပညာပေး နှိုးဆော်ဆောင်ရွက်
Jul 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ​ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များအတွင်း ပိုးသတ်ဆေးဖျန်းခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာ​ပေး နှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်း အနားကျင်းပ
Jul 23,2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်း အနားကို ယနေ့ နံနက် ၉နာရီခွဲက ချမ်းအေးသာစံမြို့နယ်၊ ၇၁လမ်း၊ ၂၆လမ်းနှင့် ၂၇ လမ်းကြားရှိ မြို့တော်ခန်းမတွင် ကျင်းပသည်။
ဇေယျာသီရိမြို့နယ်အတွင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask မတပ်ဆင်ပဲ နေအိမ်ပြင်ပ ထွက်ခွါသူများ ပထမအကြိမ်အရေးယူဆောက်ရွက်
Jul 23,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မတပ်ဆင်ပဲ နေအိမ်ပြင်ပ ထွက်ခွါသူများ ပထမအကြိမ် အရေးယူဆောက်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု နှင့် ကုသရေးလုပ်ငကိုဗစ်-၁၉ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အစီအစဉ်များနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းမှု
Jul 23,2021
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှုနှုန်း အရေအတွက်မှာ နေ့စဉ် တိုးပွား လာတဲ့အတွက် မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအနေနဲ့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပြင်ဆင် ဆောင်ရွက် လျက်ရှိပြီး ကုသရေးလုပ်ငန်းများကိုလည်း မကွေးပြည်သူ့ဆေးရုံကြီးရှိ ငါးထပ်ဆောင်တွင် အချိန်နှင့်တပြေးညီကုသပေးလျက်ရှိကြောင်း သိရသည်။