တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်

တွံတေး    ဇူလိုင်  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်တွင်ကိုဗစ်- ၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရေး ဆောင်ရန်/ ရှောင်ရန်များနှင့် ကိုဗစ်- ၁၉ အတည်ပြုလူနာများအား ကုသရေးစင်တာများထား၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ပြည်သူလူထုအတွင်း ကိုဗစ်- ၁၉ရောဂါနှင့်ပတ်သတ်၍ ကာကွယ်နည်းများ ကျန်းမာရေး အသိပညာလုပ်ငန်းများကို မြို့နယ်ကိုဗစ်- ၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအသင်းများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်ကာ ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာပေး အဆင့်မြှင့်တင်မှုများကို လူစည်းကားရာ စျေး၊ သင်္ဘောဆိပ် ၊ကားဂိတ် နှင့်လမ်းဆုံလမ်းခွ များ၊ရုံးများ တွင်အသိပညာ ပေးခြင်းများပိုစတားကပ်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ယခုကိုဗစ်- ၁၉ရောဂါ တတိယလှိုင်းတွင် ပြည်သူများပိုမိုသိရှိစေရန် တိတိကျကျနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကိုသိရှိလိုက်နာပြီး ပြည်သူများ အနေဖြင့် Mask တပ်ခြင်း၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေကွာနေထိုင်ခြင်း၊ တတ်နိုင်သမျှ အပြင်မထွက်ကြရန်၊ အိမ်ထဲထဲမှာဘဲနေထိုင်ကြရန်၊ လူစုလူဝေး အတတ်နိုင်ဆုံး ရှောင်ရန်နှင့် မဖြစ်မနေ အပြင်ထွတ်မည်ဆိုပါက Mask Face Shield နှင့်လက်အိတ်များ ဝတ်ဆင်ပြီးမှသာ သွားလာကြရန် နေ့စဥ်ရပ်ကွက်၊ ကျေးရွာများမှာ အသံချဲ့စက်၊ ဟမ်းစပီကာ များဖြင့် လှည့်လည်ကြေညာ ပေးလျက်ရှိကြောင်း သိရှိရသည်။

တွံတေးမြို့နယ်တွင် မြို့နယ်ကုသရေးဦးစီးဌာနမှ ဆရာဝန် ( ) ဦး၊ သူနာပြု ( ဦး အခြေခံဝန်ထမ်း ( ဦးဖြင့်၂၄နာရီဆောင်ရွက်ပေးနေကာ အခြားဆေးရုံ တက်လူနာများကို လည်း ကုသပေးနေကြောင်းသိရသည်။ မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေး ကော်မတီမှကုသရေးတွင်လိုအပ်ချက်များအားကူညီပေးခြင်းများနှင့် လူနာများအား မနက်၊ ညနေစာများကိုလည်း စီမံဆောင်ရွက်ပေးထားကြောင်းသိရသည်။ ကိုဗစ်- ၁၉ရောဂါပိုးရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးများအားသီးသန့်အခန်းဖြင့် မွေးဖွားနိုင်ရန် လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိအတည်ပြုလူနာများနှင့်ထိတွေ့သူ( Contact)များအား မိမိတို့၏နေအိမ်တွင် (Home Quarantine) ထားရှိပြီး ရပ်ကွက်၊ကျေးရွာများမှတာဝန်ရှိသူများက လုံခြုံရေးနှင့်အသွားအလာ ကန့်သတ်ခြင်း၊ လိုအပ်ချက်များအား ကူညီထောက်ပံပေးလျက်ရှိကြောင်း သိရသည်။