သတင်းများ

ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃) ဦးစိုးလွင်၊ ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရပ်ကွက်များတွင် ဖွင့်လှစ်မည့် Quarantine  Centre ဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
Jul 23,2021
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃)၊ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးစိုးလွင်၊ ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များသည် ဘားအံမြို့ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်များရှိ အခြေခံပညာကျောင်း များတွင်  သံသယလူနာများထားရှိမည့် Quarantine  Centre ဆောင်ရွက်ထားမှု အခြေအနေများကို ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်အတွင်း အောက်ဆီဂျင်ပြတ်လပ်မှု မရှိရေး ဆောင်ရွက်လျက်ရှိ
Jul 23,2021
ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဝေဒနာခံစားနေရသူများ၊ ဖျားနာနေသူများအတွက် လိုအပ်သည့် အောက်ဆီဂျင်များ အချိန်မရွေးရရှိနိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အောက်ဆီဂျင်ပြတ်လပ်မှု မရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မက်မန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Jul 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ၊ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မက်မန်းမြို့နယ် တာကော်လေး၌ ကိုဗစ်-၁၉ အတည်ပြုလူနာထားရှိရန် နေရာတွင် သန့်ရှင်းရေးဆောင်ရွက် ထားရှိမှု၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး၊ ကုသရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ အသံချဲ့စက်ဖြင့် လှည့်လည်​ကြေညာ
Jul 23,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့ပေါ် ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်​ကြေညာခဲ့ကြသည်။
မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ရေဘေးသင့်ပြည်သူများအား ထောက်ပံ့
Jul 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ယမန်နေ့တွင် ဝမ်မိုင်မိုင်းလုံးကျေးရွာအနီးရှိ ရေဘေးသင့် အိမ်ထောင်စု ခြောက်စုအတွက် ရေဘေးကယ် ဆယ်ရေးပစ္စည်းများကို လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျှော့နည်းစေရေးအတွက် လမ်းမတော်လမ်းတစ် လျှောက်ရှမ်း၊ ပအိုဝ်း၊ မြန်မာ (၃)ဘာသာဖြင့် အသိပေးနှိုးဆော်ချက်များအား လှည့်လည်ကြေညာ
Jul 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျှော့ နည်းစေရေးအတွက် ယနေ့ နံနက်၉နာရီ မနစ် ၂၀ အချိန်ခန့်က လမ်းမတော်လမ်းတစ်လျှောက်၌ ရှမ်း၊ ပအိုဝ်း၊ မြန်မာ (၃)ဘာသာဖြင့် အသိပေးနှိုးဆော်ချက်များအား လှည့်လည်ကြေညာ ပေးလျက် ရှိကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်၌  ဌာနဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း
Jul 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်တွင်ဌာနဆိုင်ရာစုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်းကိုယနေ့နံနက်(၇:၃၀)နာရီကပြုလုပ်ခဲ့သည်။
မုဒုံမြို့နယ်တွင် မိုးစပါးစိုက် တောင်သူများ စပါးဖျက်ခရုအန္တရာယ်နှင့် ကြုံတွေ့ရသဖြင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Jul 23,2021
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ရာသီအဖြစ် ဇွန်လတွင် စတင်ပျိုးထောင် လျက်ရှိပြီး ဇူလိုင်လတွင် မိုးစပါးများ စတင်စိုက်ပျိုးကြောင်း သိရသည်။