အုတ်ဖို ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ယမန်နေ့ ညနေ ၅နာရီ၃၀ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ကြို့ကိုးပင်ကျေးရွာအုပ်စု၊ တောင်ကုန်း ကျေးရွာတွင် နေအိမ်တစ်လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ၁၅ပေ ပေ ၂၀ သွပ်မိုး/ပျဉ်ကာ နေအိမ်မှ သွပ်(၂၅)ချပ် အမိုးလန်ကာ ပျက်စီးမှုတန်ဖိုး(၁၂၅၀၀၀)ကျပ်ဆုံးရုံးခဲ့ခြင်းဖြစ်ပြီး အဆိုပါနေအိမ် တွင် မိသားစုလူဦးရေ(၇)ဦး နေထိုင်လျက်ရာ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ဆွေမျိုး သားခြင်းများမှ လေဘေးသင့်အိမ်ထောင်စု၏ နေထိုင်စားသောက်ရေးအတွက် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရိစာ္ဆန် ထိခိုက် သေဆုံးမှုမရှိ ကြောင်းသိရသည်။
အောင်သူ