လမိုင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Quarantine Centre  ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

လမိုင်း  ဇူလိုင် ၂၃

မွန်ပြည်နယ်၊ လမိုင်းမြို့ အောင်မင်္ဂလာဘုန်းကြီးကျောင်း၌ ယမန်နေ့ ညနေ၃နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အောင်မင်္ဂလာကျောင်းဆရာတော် ဘဒ္ဒန္တ သောဘဏနှင့် ဘုရားကျောင်းဆရာတော် ဘဒ္ဒန္တ တေဇဘာသတို့ ဦးဆောင်၍ အ-ထ-က လမိုင်းကျောင်း၌ Quarantine Centre  ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

အဆိုပါ Quarantine Centre ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုဦးက လမိုင်းမြို့အနေဖြင့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများအား အထက လမိုင်းကျောင်းတွင် ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် လိုအပ်လျက်ရှိသော အထောက်အပံ့များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် ရေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လမိုင်းမြို့ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့ဝင်များက တက်ရောက်ခဲ့ကြကြပြီး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေးအတွက် အ-ထ-က လမိုင်း Quarantine Centre ဖွင့်လှစ်ရန်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးက အလှူငွေ မတည်ငွေ (၁)သိန်းနှင့် အလှူရှင်များမှ မတည်ငွေ ၁၆သိန်းလှူဒါန်းခဲ့ကြောင်း သိရှိရသည်။