ကော့ကရိတ်မြို့၌ မိုးလုံလေလုံ အားကစားရုံ ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပ
Jan 24,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန ကော့ကရိတ် မြို့နယ်မှ မိုးလုံလေလုံအားကစားရုံ(၁၂၀ပေ×၉၀ပေ) တည်ဆောက်ခြင်းပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ ပန်းခြံလမ်းရှိ မြို့မ အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။