Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
လွိုင်ကော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား ပထမသုံးလပတ် လူမှုရေးပင်စင်များ ပေးအပ်
Jan 23,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် ထောက်ပံ့ကြေးခံစားနေရသည့် ဘိုး/ဘွားများအား လူမှုရေးပင်စင်ပုံမှန် ကျပ်သုံးသောင်း ထောက်ပံ့ပေး အပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့နောင်ယား(က) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့နယ်တွင် စျေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်ညွှန်း အမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေး
Jan 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် စည်ပင်သာယာမြို့မစျေးနှင့်မြို့ မ ဘောလုံး အားကစား ကွင်းသို့ ယာယီပြောင်းရွေ့ ဖွင့်လှစ်ထားသောဈေးများအတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုး တွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံပါဝင်ခြင်းရှိ/မရှိ စစ်ဆေး ဆောင်ရွက် ခြင်းကို ယမန်နေ့နံနက် ၁၀နာရီက စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ် စည်ပင် သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ စားသုံးသူ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် စစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များအား ရှင်းလင်း
Jan 23,2021
ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာစောင့်ကြည့်အဖွဲ့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များအားရှင်းလင်းခြင်းကို ယမန်နေ့ နံနက်၁၀နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Jan 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် (၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှလူမှုရေးပင်စင်များ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်တွင် သီလရှင်အပါး(၃၀၀) အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူ
Jan 23,2021
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် သီလရှင်အပါး(၃၀၀)အား ဆွမ်းဆန်တော်နှင့် လှူဖွယ် ပစ္စည်းများ လောင်းလှူခြင်းကို ယမန်နေ့ညနေ ၃ နာရီက ဥပုသ်တော်ရပ်ကွက်ရှိ ဘီလူးထမ်းတောင်ပေါ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်များအား ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ရောင်းဝယ်မှု ရှိ/မရှိ စစ်ဆေး
Jan 23,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်များအား ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ရောင်းဝယ်မှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၆ နာရီခွဲခန့်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ဟားခါးမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jan 23,2021
ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြခြင်းများကို ယမန်နေ့ မွန်းလွဲ(၁) နာရီက ဟားခါးမြို့၊ ထူးဆန်းသစ်စက်သုံးဆီ အရောင်းဆိုင်နှင့် လမ်းအထူး(၁၀)ရုံးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း သုံးထပ်စာသင်ဆောင် အဆောက်အဦသစ် တည်ဆောက်ရေး ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ
Jan 23,2021
မွန်ပြည်နယ် မော်လမြိုင်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း သုံးထပ်စာသင်ဆောင် အဆောက်အဦသစ် တည်ဆောက်ရေး ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မော်လမြိုင်မြို့ ကြာအင်းကျေးရွာရှိ အဆိုပါကျောင်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24828
Page
24829
Page
24830
Page
24831
Current page
24832
Page
24833
Page
24834
Page
24835
Page
24836
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department