မြစ်သား ဇန်နဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ(စတုတ္ထအကြိမ်)ထောက်ပံ့သော ငွေကျပ် နှစ်သောင်း အား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းက အဆိုပါထောက်ပံ့ငွေများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကိုရှင်းလင်းပြောကြားခဲ့ပြီးနောက် မြစ်သားမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်းရှိ စတုတ္ထအကြိမ် ထပ်တိုးအိမ်ထောင်စု (၇,၄၃၉)အတွက် တစ်အိမ် ထောင် လျှင် နိုင်ငံတော်မှထောက်ပံ့ငွေကျပ် (၂၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၄၈,၇၈၀,၀၀၀) (သိန်းတစ် ထောင် လေးရာရှစ်ဆယ်ခုနှစ်သိန်းရှစ်သောင်း)အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့ရာ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ဖြင့်ဖွဲ့စည်းထားသော အဖွဲ့(၁၀)ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များက အသီးသီး လက်ခံရယူခဲ့ကြ ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေများကို မြစ်သားမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်းရှိ စတုတ္ထအကြိမ် ထပ်တိုး အိမ်ထောင်စုများထံသို့ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ တဆင့် ပြန်လည် ထုတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)