လွိုင်ကော် ဇန်နဝါရီ ၂၄
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် ထောက်ပံ့ကြေး ခံစားနေရသည့် ဘိုး/ဘွားများအား လူမှုရေးပင်စင်ပုံမှန် ကျပ်သုံးသောင်း ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ် ဒေါပေါ်ကလဲကျေးရွာအုပ်စုနှင့် နိုးကိုးကျေးရွာအုပ်စုတို့၌ ထောက်ပံ့ ပေးအပ် ခဲ့သည်။
ထိုသို့ထောက်ပံ့ငွေပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်း၊ ကယားပြည်နယ် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့် ၊ လွိုင်ကော် ခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်တင်မာဝင်း ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူတို့က အသက်(၈၅)နှစ်နှင့်အထက် ဘိုး/ဘွားများအား ထောက်ပံ့ငွေကျပ်သုံးသောင်းကို ဒေါပေါ်ကလဲကျေးရွာ အုပ်စုအတွင်းရှိ ဘာဒိုကျေးရွာနှင့် ထေးဌားလျား ခန်းမဆောင်တွင်လည်းကောင်း၊ နိုးကိုးကျေးရွာအုပ်စုအတွင်းရှိ ဒေါစဲကျေးရွာတွင်လည်းကောင်း နေအိမ်များသို့ သွားရောက်ပေးအပ်ခဲ့သည်။
လွိုင်ကော်ခရိုင်းအတွင်းရှိ မြို့နယ် (၄) မြို့နယ်တွင် အဘိုး(၃၀၄)ဦးနှင့် အဘွား(၄၇၅)ဦး စုစုပေါင်း ဘိုး/ဘွား (၇၇၉) ဦး အတွက်ထောက်ပံ့မည့်ငွေမှာ (၂၃,၃၇၀,၀၀၀)ကျပ် ဖြစ်ပြီး ၊ အသက်(၁၀၀)နှစ်နှင့်အထက် ဘိုး/ဘွား(၃၁) ဦးအတွက် ထောက်ပံ့ပေးမည့်ငွေမှာ (၉၃၀,၀၀၀) ကျပ် ဖြစ်ကြောင်းသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)