မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးမှ ဘယ်လင်းအကျဉ်းဦးစီးဌာနသို့ ကြည့်ရှု စစ်ဆေး

စဉ့်ကိုင် ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ဘယ်လင်းအကျဉ်းဦးစီးဌာနသို့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၊ ခရိုင်တရာသူကြီး၊ မြို့နယ်တရားသူကြီးများက ယမန်နေ့ နံနက်(၉)နာရီခွဲက ကုန်ထုတ်စခန်း(၁)နှင့် (၂)သို့ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့ ကြည့်ရှု စစ်ဆေးရာတွင်    မန္တလေးတိုင်းတရားသူကြီး  ဦးမြင့်ဆန်း၊      ဒုတိယခရိုင် တရားသူကြီး  ဒေါ်အေးအိခိုင်၊ ကျောက်ဆည်မြို့နယ် တရားသူကြီး ဒေါ်သဲမို့မို့ဆွေ၊  စဉ့်ကိုင်မြို့နယ် တရားသူကြီး ဒေါ်သူဇာလှိုင်တို့က ကြည့်ရှုစစ်ဆေးကြပြီးကုန်ထုတ်စခန်းများတွင် အပြစ်ကျအကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက်ပေးနေမှု၊ နေထိုင်ရေးနှင့် စားသောက်ရေးတွင် ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ / မရှိ စစ်ဆေးခဲ့ပြီး အကျဉ်းသားများ၏ ဥပဒေအခွင့်အရေးများရရှိရေး ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း  ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ  စည်းမျဉ်းစည်းကမ်းများအတိုင်း   ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် လိုအပ်သည်များကို တာ၀န်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းတရားသူကြီးနှင့်အဖွဲ့သည်မြို့နယ်တရားရုံးတွင်  မြို့နယ်တရားသူကြီးနှင့် ၀န်ထမ်း များအား တွေ့ဆုံပြီး မှုခင်းလက်ကျန်များကျဆင်းရေး၊ အချုပ်တရားခံများ ဦးစားပေးစစ်ဆေးရေး တရားစီရင်ရေး မူအရ တစ်နှစ်နှင့် အထက်ရှိသော ရာဇ၀တ်မှုများနှင့် တရားမမှုများကို ဦးစားပေး စစ်ဆေးဆောင်ရွက်ရေး ပြစ်မှုပြစ်ဒဏ်မျှတရေး၊ လာဘ်ပေးလာဘ်ယူကင်းရှင်းစွာ စီရင်ဆုံးဖြတ်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ဝင်းဝင်းသန်း (စဉ့်ကိုင်ပြန် /ဆက်)