မင်္ဂလာဒုံ ဇန်နဝါရီ ၂၄
ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နေ အလှူရှင်များစုပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၀ယ်ယူနိုင်ရေးအတွက် ငွေကျပ်(၂၈)သိန်းလှူဒါန်းပွဲကို ထောက်ကြန့်သပြေညို ပညာဒါန အကျိုးဆောင် အသင်းခန်းမ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းလမ်းညွှန်ချက်များနှင့် အညီ ယနေ့နံနက်၉နာရီက ကျင်းပသည်။
လှူဒါန်းပွဲတွင် မင်္ဂလာဒုံမြိုနယ် ထောက်ကြန့် ပဲခူးလမ်းရပ်ကွက်နေ ဦးမောင်စန်း ဒေါ်စနိုးမိသားစုက နှစ်ဦး အလှူတော်ငွေကျပ်သိန်း(၂၀)၊မ င်္ဂလာဒုံမြိုနယ် ပဲခူးလမ်းရပ်ကွက်နေ ဦး၀င်းခိုင် ဒေါ်ခက်ခက်လှိုင်မိသားစု (ကောင်းကောင်းမြန်မာထမင်းဆိုင်)က အလှူတော်ငွေကျပ် (၅)သိန်း၊ မင်္ဂလာဒုံမြိုနယ် ထောက်ကြန့်တိုးချဲ့ ရပ်ကွက်နေဦးမျိုးသွင် ဒေါ်ဌေးဌေးဝေ သားမောင်အောင်အောင်ဦး ပျိုမေကြိုက် (ကွန်ပျုတာပန်းထိုးလုပ်ငန်း)က အလှူငွေကျပ်(၃)သိန်းတို့ကို လှူဒါန်းရာ သပြေညိုပညာဒါန အကျိုးဆောင် အသင်းဥက္ကဋ္ဌဦးတင်ညွန်နှင့် ဒုဥက္ကဋ္ဌ ဦးခင်စိုး၊ အတွင်းရေးမှူးဦးနေဆန်းတို့က လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ အလှူငွေများကို မြန်မာနိုင်ငံကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် ကိုဗစ်-၁၉ ကော်မတီသို့ လှူဒါန်းသွားမည်ဟုဥက္ကဋ္ဌဦးတင်ညွန်ကပြောကြားခဲ့သည်။
မျိုးသန့်(ပြန်/ဆက်)