ရွှေတောင်မြို့နယ်တွင်၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် ဆောင်ရွက် လျက်ရှိသော ကျေးရွာကုန်ထုတ်လမ်းများနှင့် ရေတွင်းနက်တူးဖော်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

ရွှေတောင် ဇန်နဝါရီ ၂၄

‌ပဲခူးတိုင်းဒေသကြီး ရွှေတောင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့်ဆောင်ရွက်လျက်ရှိသော ကျေးရွာကုန ထုတ်လမ်းများနှင့် ရေတွင်း နက်တူးဖော်ခြင်းလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ချောစုဇံ၊မြို့နယ်ဦးစီးမှူးဦးမျိုးသူနှင့် အင်ဂျင်နီယာအဖွဲ့တို့က ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်းသိရသည်။

‌အဆိုပါ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသော ဇင်ယော်ဧရာ Co ltdမှတာဝန် ယူဆောင်ရွက် သည့် သရက်ပင်ကွင်းကျေးရွာကုန်ထုတ်လမ်း ၊ ကျွန်းတန်းရိုးကျေးရွာကုန်ထုန်လမ်း ၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် တုနှိုင်းမဲ့ဧကရီ Co,Ltd မှတာဝန်ယူဆောင်ရွက်သည့် ရွှေကျွန်းကုန်းကျေးရွာ ကုန်ထုတ်လမ်း လုပ်ငန်းနှင့် ပြည်ထောင်စုရန်ပုံ ​ ငွေဖြင့် ပျူတိုင်းသား Co.ltd မှတာဝန်ယူ​ဆာင်ရွက်​သော မယားမာန်(အနောက်​)ကျေးရွာ ရေတွင်းနက် တူးဖော်ခြင်းလုပ်ငန်းတို့အား ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ဒုတိယ ညွှန်ကြားရေးမှူး (နည်းပညာ)ဒေါ်ချောစုဇံ၊မြို့နယ်ဦးစီးမှူး ဦးမျိုးသူနှင့် အင်ဂျင်နီ ယာအဖွဲ့တို့မှကွင်းဆင်း ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

‌ကိုကိုမင်း(ပြန်/ဆက်)