ရန်ကုန်တိုင်းဒေသကြီးတွင် စေတနာ့ဝန်ထမ်း (Volunteer)အဖြစ် သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအား ကြိုဆိုဂုဏ်ပြု

သဲကုန်း  ဇန်နဝါရီ   ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူဆေးရုံကြီး(ICU)တွင် စေတနာ့ဝန်ထမ်း Volunteer  အဖြစ်(၁)လကြာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် သဲကုန်းမြို့နယ်၊ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ညနေပိုင်းတွင် သဲကုန်းမြို့နယ်သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ သဲကုန်းမြို့နယ်အစမှ တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

သဲကုန်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၅)ဦး သည် ရန်ကုန်ပြည်သူဆေးရုံကြီး (ICU)တွင်စေတနာ့ ဝန်ထမ်း (Volunteer)များအဖြစ် (၁)လကြာ သွား ရောက်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကာ ပဲခူးတိုင်းဒေသကြီးမှ စေတနာ့ဝန်ထမ်း ကြက်ခြေနီတပ်ဖွဲ့ဝင် (၃၈)ဦးလုံး ကိုဗစ်-၁၉ ပိုးမတွေ့ (All Negative) အဖြေထွက်ခဲ့ပြီး ပဲခူးမြို့တွင် ထပ်မံ၍ FQဝင်ရောက်စစ်ဆေးခံခဲ့ကြရ​ပြီး သတ်မှတ်ရက်ပြည့်၍ မိမိတို့မြို့နယ်များသို့ ပြန်လာခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ကြိုဆိုခြင်းကို သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သဲကုန်းမြို့နယ်အတွင်းမှ လူမှုရေးအသင်းအဖွဲ့များ၊စေတနာ့ ဝန်ထမ်း(Volunteer)များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)