ကယားပြည်နယ် ဘီလူးချောင်းသဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းဆောင်ရွက်
Apr 30,2021
ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး ၊ ငါးမျိုးပြန့်ပွားစေရေး ၊ ငါးထုတ်လုပ်မှုတိုးတက်စေရေးနှင့်ဒေသခံ တိုင်းရင်းသားပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်၍ ပြည်နယ်အတွင်းရှိ သဘာဝရေပြင် များဖြစ်သည့်ရေကန်များ ၊ ချောင်းများနှင့် ဆည်တမံများ အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် ပထမအကြိမ် ငါးမျိုးများ စိုက်ထည့်မှုအဖြစ် ယနေ့နံနက် ၈:၀၀ နာရီတွင် လွိုင်ကော်မြို့နယ် ၊ သတ္တပလူကျေးရွာရှိ ဘီလူးချောင်းသဘာဝရေပြင်အတွင်းသို့ (၂)လက်မအရွယ်ရှိ ငါးခုံးမ ငါးသားပေါက်ကောင်ရေ (၁၀၀၀၀) နှင့် ရွှေဝါငါးကြင်းငါးသားပေါက်ကောင်ရေ (၄၀၀၀၀)တို့အား ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကိုကျင်းပခဲ့သည်။