ကျိုင်းလပ်မြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား (ထပ်တိုး) အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေပေးအပ်

ကျိုင်းလပ်      ဇန်နဝါရီ     ၂၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်သည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား (ထပ်တိုး) အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ကျိုင်းလပ်မြို့ပေါ် (၃)ရပ်ကွက်နှင့် ကျာခမ်းကျောက် ကျေးရွာအုပ်စုအတွင်းရှိ အခြေခံလူတန်းစား (ထပ်တိုး) အိမ်ထောင်စု (၁)စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့်၊ အိမ်ထောင်စု (၆၃)စုအတွက်၊ စုစုပေါင်းငွေကျပ် (၁၂၆၀၀၀၀)အား ရပ်/ကျေး စာရေးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ထောက်ပံ့လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)