မံစီမြို့ မောရဝတီရပ်ကွက် မိုးယုချောင်း၌ သံကူကွန်ကရစ်တံတားတည်ဆောက်

မံစီ        ဇန်နဝါရီ      ၂၄

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ မောရဝတီရပ်ကွက် မိုးယုချောင်း၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြု ရန်ပုံငွေကျပ်(၃၂၅ ဒသမ ၉)သန်းဖြင့် သံကူကွန်ကရစ်တံတားတစ်ခု တည်ဆောက်လျက်ရှိသည်။

အဆိုပါတံတားသည် အရှည် ၁၂၀ ပေ၊ အကျယ် ၂၄ ပေရှိသည့် အောက်ခြေ (၀.၈)မီတာဘိုးပိုင် သံကူကွန်ကရစ်ခုံ၊ အပေါ်ထည်- သံကူကွန်ကရစ်တိုင်၊ သံကူကွန်ကရစ် ယက်မနှင့် ကြမ်းခင်း အမျိုးအစားဖြစ်ကြောင်း၊ လုပ်ငန်းများစတင်နေမှုကို ဇန်နဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်းက ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင် ဦးဆောင်သည့် မြို့နယ် တည်ဆောက်ရေးလုပ်ငန်းအရည်အသွေး စစ်ဆေးရေး ကော်မတီအဖွဲ့ဝင် များက သွားရောက်ကြည့်ရှုခဲ့ကြပြီး လုပ်ငန်းများအရည်အသွေးပြည့်ဝစွာဖြင့် အချိန်မှီပြီးစီးရေး အတွက် လိုအပ်သည် များကို လုပ်ငန်းဆောင်ရွက်နေသည့် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွေ ပြည်သူများအနေဖြင့် ချောင်း၏ တစ်ဖက်ကမ်းရှိ လယ်ယာလုပ်ငန်းခွင် သို့ သွားလာရာတွင် လူနှင့်မော်တော်ဆိုင်ကယ်သာသွားလာနိုင်သည့် ကြိုးတံတားကို အသုံးပြုနေပြီး လယ်ယာ သုံးစက်ကရိယာများနှင့် လယ်ယာထွက်ကုန်များကို ချောင်းရေကျသည့် အချိန်များ၌သာ ချောင်းကိုဖြတ်၍ သယ်ယူပို့ဆောင်လျက်ရှိရာ မိုးတွင်းကာလများ၌ တောင်ကျချောင်း ရေများကြောင့် သွားလာရန်အခက်အခဲရှိကြောင်း၊ အဆိုပါတံတား တည်ဆောက် ပြီးပါက ပြည်သူများအနေဖြင့် ရာသီမရွေးသွားလာ သယ်ယူပို့ဆောင် နိုင်မည်ဖြစ်ပြီး ပြည်သူများ အတွက် များစွာ အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။

ရိန် (ပြန်/ဆက်)