ရှမ်းရွာသစ် ဇန်နဝါရီ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် လူထု ဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ရင်းဘိုင်းကျေးရွာအုပ်စု၊ ထီးပနားကျေးရွာ၌ ကွန်ကရစ် တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ (၂၄)ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယခုအချိန်တွင် (၉၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) ထောက်ပံ့ငွေကျပ် (၉၈၈၈၀၀၀)ဖြင့် အလျား(၁၅)ပေ၊ အနံ (၁၂)ပေ၊ အမြင့် (၉)ပေရှိ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တို့၏ စနစ်တကျ လမ်းညွှန်မှုနှင့် ရပ်ရွာပြည်သူ လူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ၎င်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ရင်းဘိုင်းကျေးရွာအုပ်စုရှိ ထီးပနား ကျေးရွာနှင့်အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများတို့၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးကဏ္ဍများတွင် အဘက်ဘက်မှ တိုးတက်လာမည့်အပြင် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း လုပ်ငန်းတာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
ဝေဠု (ပြန်/ဆက်)