ပန်လုံ ဇန်နဝါရီ ၂၆
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ရပ်ကွက်များ၌နေထိုင်ပြီး အိမ်ထောင်စုစာရင်း မရှိသူများကို OSS အဖွဲ့မှ ယနေ့နံနက် ၁၀ နာရီအချိန်က ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်များတွင် အိမ်ထောင်စုစာရင်းများကို ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိသည်။
ပန်လုံမြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဟိုပန်မြို့နယ် ဦးစီးမှူးရုံးမှ လဝကမှူး ဦးဆမ်ဆိုက်တို့ ဦးဆာင်၍ အိမ်ထောင်စုစာရင်းလုံးဝမရှိသူများ၊ အိမ်ထောင်စုခွဲထွက်လိုသူများ၊ အိမ်ထောင်စု ပျောက်ဆုံးသူများကို ကြိုတင်စာရင်း ကောက်ယူ၍ အိမ်ထောင်စုစာရင်း ပြုလုပ်ပေးလျက်ရှိပြီး အဆိုပါ လုပ်ငန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်မေဦး (ပန်လုံပြန်/ဆက်)