မက်မန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်

မက်မန်း ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစား ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ငွေများလွှဲပြောင်းပေးအပ်ခြင်းကို မက်မန်းမြို့ပေါ်နှစ်ရပ်ကွက်နှင့် ကျေးရွားများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား ထပ်တိုးအိမ်ထောင်စု()စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၄၉၃)စု အတွက် စုစုပေါင်း ငွေကျပ်(၉၈၆၀၀၀၀/-)ကျပ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများထံသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းက ထောက်ပံ့ငွေများလွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

မက်မန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား Covid-19ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း စတုတ္ထ အကြိမ်မြောက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

သန်းမြတ်စိုး(ပြန်/ဆက်)