ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တံတား ဇန်နဝါရီ  ၂၆

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင် များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရ သည်။

တံတားမြို့တွင် ရပ်ကွက်(၄)ခုနှင့် ကျေးရွာ(၁၄)ရွာ၌ စာကြည့်တိုက်(၁၁)တိုက်ရှိပြီး မြို့နယ်စာကြည့်တိုက် ကြီးကြပ် ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များသို့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက် မှတ်ပုံတင်လျှောက်ထားနိုင်ရေးနှင့် စာကြည့်တိုက်များ၏ မြေပြင်ရှိ အခြေအနေများ သိရှိနိုင်ရန် ဇန်နဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် လက်တွေ့ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး စာကြည့်တိုက် များ၏ လိုအပ်နေသော စာအုပ် စာတမ်းများ၊ ပရိဘောဂများ၊ ပြင်ဆင်ရန်လိုအပ်နေသော အဆောက် အဦများ၏ လိုအပ်ချက်အခြေအနေများကို သုံးသပ်၍ တိုင်းဒေသကြီးစာကြည့်တိုက် များ ကြီးကြပ်ရေးကော်မတီသို့ ဆက်လက်တင်ပြနိုင်ရေး အသီးသီးညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တံတားမြို့ ရပ်ကွက်၊ ကျေးရွာများရှိ စာကြည့်တိုက်များ၏ မြေပြင်ရှိအခြေအနေများအား စဉ်ဆက်မပြတ် သိရှိစေရန်နှင့် စာကြည့် တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် လစဉ်တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးသွား မည်ဖြစ်ကြောင်း မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်အေးအေးလွင်က ပြောကြားခဲ့ ကြောင်း သိရှိရသည်။

တင်နိုင်ဝင်း(တံတား)