မိုင်းတုံမြို့၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးကွင်းဆင်း ဆောင်ရွက်

မိုင်းတုံ ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ကွင်းဆင်း အသိပညာပေးခြင်းကို နေ့ နံနက်(၁၀)နာရီခွဲက ဖာချယ်ကျေးရွာ၊ ဘုန်းကြီးကျောင်းဝန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်က ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ()နှစ်လျှင်တစ်ကြိမ် အသစ်ရွေးချယ် ခန့်အပ်ရမည်ဖြစ်သောကြောင့် တတိယအကြိမ်ပြင်ဆင်ထားသည့် ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းချက်များ အား အသေးစိတ်ရှင်းလင်းပြောကြားပြီး မိမိကျေးရွာအကျိုးကို အမှန်တကယ်ဦးဆောင်ပေးနိုင်မည့်သူကို ပြည်သူများကရွေးချယ်ပေးရန် မှာကြားပြီး တက်ရောက်လာသူများ၏ သိလိုသည့်မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။

မိုင်းတုံမြို့နယ်တွင် ရပ်ကွက်(၁၁)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၁၁)အုပ်စုရှိပြီး ရပ်ကွက်(သို့) ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး အသစ်ရွေးချယ် ခန့်အပ်နိုင်ရေးလုပ်ငန်းစဉ်များ၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ကွင်းဆင်း အသိပညာပေးခြင်းကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဝင်းဝင်းခိုင်(ပြန်/ဆက်)