ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်ပို့ချ

နေပြည်တော် ဇန်နဝါရီ ၂၆

ဒက္ခိဏခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့တွင် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဒက္ခိဏခရိုင်အတွင်းရှိ မြို့နယ်()မြို့နယ်မှ ဝန်ထမ်း(၂၀)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကို ဇန်နဝါရီ(၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျန်းမားရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ စာတွေ့ လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။

ဒက္ခိဏခရိုင်အတွင်း (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ်(၄၄.)သန်းဖြင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ကျေးရွာ()ရွာနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ဆောင်ရွက်မည့် ကျေးရွာ(၂၀)ရွာ စုစုပေါင်း ကျေးရွာ(၂၈)ရွာကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒက္ခိဏခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးတင့်ထံမှ သိရှိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)