ဟိုပုံး ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ ထပ်တိုးတင်ပြထားသည့် အိမ်ထောင်စုများအား ထောက်ပံ့ ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စု အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁၁၅၆)စုအတွက် တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများက မြို့ဦးရပ်ကွက်၊ မြို့ဦးကွက်သစ်ရပ်ကွက်၊ တောင်ရပ်ကွက်၊ တုံခမ်းရပ်ကွက်၊ အနောက် ရပ်ကွက်၊ စငေါကျေးရွာအုပ်စုနှင့် ဘော်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများ၏ ထပ်တိုးတင်ပြထားသည့် အိမ်ထောင်စုပေါင်း (၁၁၅၆)စုအတွက် ငွေကျပ် (၂၃၁၂၀၀၀၀)ကို တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးကြောင်းသိရသည်။
ဆက်လက်၍ ဟိုပုံးမြို့နယ်တွင် မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၂၂)အုပ်စုရှိပြီး ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများတွင်လည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)