မိုင်းပျဉ်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ခြင်းနှင့် ကော်မတီဝင်များ ရွေးချယ်ခြင်း ဆောင်ရွက်

မိုင်းပျဉ်း   ဇန်နဝါရီ   ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊  မိုင်းပျဉ်းမြို့နယ်တွင်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)   မိတ်ဆက်ရှင်းလင်းခြင်းနှင့်   ကော်မတီဝင်များ ရွေးချယ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာ(၁၀)ရွာ အား ငွေကျပ်၁၀သန်းဖြင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် မည် ဖြစ်ရာ အဆိုပါကျေးရွာ (၁၀)ရွာတွင်ပါရှိသည့် ပန်ဝိုင်ကျေးရွာအုပ်စု၊ ဝမ်ကောင်း(အောက်)ရွာနှင့် ယမ်းမိုင်ကျေးရွာအုပ်စု၊ နားခေါကျေးရွာတို့တွင် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဝင်များ ရွေးချယ်ခြင်းတို့ကို    မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   ဒုတိယဦးစီးမှူး ဦးအောင်ကျင်ဖိုက်၊ အငယ်တန်းအင်ဂျင်နီယာ()နှင့် တာဝန်ရှိသူတို့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူလူထုတို့၏ လူနေမှု ဘဝမြင့်မားလာပြီး အလုပ်အကိုင် အခွင့်အလမ်းများ လည်းရရှိကာ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည်တို့ အဆင်ပြေချောမွေ့တိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦး အောင်ကျင်ဖိုက်ထံမှ သိရသည်။

မေမွန်ထွဋ်( ပြန်/ဆက်)