ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆေးယဉ်ပါး(တီဘီ) ကုသရေးတွင် ပူးပေါင်းဆောင်ရွက်ခြင်း မြို့နယ်အဆင့် အသိပေးရှင်းလင်း

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၂၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Pyi Gyi Khin အဖွဲ့တို့မှ မြို့နယ်အတွင်း ဆေးယဉ်ပါး(တီဘီ) ကုသရေးလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ခြင်း မြို့နယ်အဆင့် အသိပေးရှင်းလင်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး မြို့နယ်ဆရာ ဝန်ကြီး ဒေါက်တာ သီတာတင်ဝင်းမှ ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်း တီဘီရောဂါကုသပေးနေမှုအခြေအနေများကို မြို့နယ် သူနာပြုအဆင့်(၁) သူနာပြု ဆရာမကြီး ဒေါ်ခင်ပပလွင်က အကျယ်တဝင့် ရှင်းလင်း တင်ပြသည်။

ယင်းနောက်  Pyi Gyi Khin အဖွဲ့မှ စီမံချက်အရာရှိ ဒေါက်တာဇေယျာဝင်းမှ မြို့နယ်ပြည်သူလူထု အား ဆေးယဉ်ပါး တီဘီကုသရေးလုပ်ငန်းများတွင် အထောက်အပံ့ပေးမည့် လုပ်ငန်းအစီအစဉ် များအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)