မတူပီ ဇန်နဝါရီ ၂၇
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်အုပ်ချုပ်ရေးမှူး အသစ်ပြန်လည် ရွေးချယ် နိုင်ရေး အတွက်ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မတူပီမြို့၊ ဘုံတလာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း ဆိုင်ရာ များနှင့် ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် အသေးစိတ ရှင်းလင်းနွေးဆွေးခဲ့ပြီးနောက် တက်ရောက် လာကြသူများက ကြီ:ကြပ်ရေးအဖွဲ့ဝင်( ၅)ဦ:ကို ရွေးချယ်ခဲ့ကြသည်။ ထိုနောက် ရာအိမ်မှူးများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ဆောင်ရွက်ရမည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။
မတူပီမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် သက်ဆိုင်ရပ်ကွက်/ ကျေးရွာအုပ်စု ကျေးရွာ အတွင်းရှိ အိမ်ထောင်စုတစ်စုလျင် နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်သူ အသက်(၁၈)နှစ် ပြည့်ပြီးသူတစ်ဦးတည်းသာ မဲပေးစနစ်ဖြင့် ရွေးချယ် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)