ညောင်ရွှေမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

ညောင်ရွှေ     ဇန်နဝါရီ    

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ထပ်တိုးတင်ပြထားသည့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ထောက်ပံ့ငွေများပေးအပ်ရေး ကြီးကြပ်ရေးအဖွဲ့များဖြစ်သော ဌာနဆိုင်ရာတာဝန်ရှိသူများမှ ထပ်တိုးတင်ပြထားသည့် ရပ်ကွက်အလိုက် အိမ်ထောင်စုတစ်ချင်းစီ အား စနစ်တကျ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

ယနေ့ ထောက်ပံ့ငွေပေးအပ်မှုတွင် သာစည်ရပ်ကွက်အတွင်းရှိ အိပ်ထောင်စု(၈၀)စုနှင့် နန္ဒဝန် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၃၇၅)စုတို့အား တစ်အိမ်ထောင်လျှင် ငွေကျပ်()သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းနှင့် အခြား ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာကြီးကြပ်ရေးအဖွဲ့များမှ ကွင်းဆင်း၍ ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ