သတင်းများ

တီးတိန်မြို့၌ Facility Quarantine ဝင်ရောက်သူ (၃၀)ဦး ကိုဗစ်- ၁၉ ရောဂါ ပိုးရှိမရှိ စစ်ဆေးရာ အမျိုးသမီးတစ်ဦးတွင် ရောဂါပိုးတွေ့ရှိ
Jan 29,2021
ချင်းပြည်နယ်၊ တီးတိန်မြို့၌ Facility Quarantine ဝင်ရောက်သူ (၃၀)ဦးအား ယနေ့ နံနက်ပိုင်းက ကိုဗစ် -၁၉ရောဂါပိုး ရှိမရှိ ၄င်းတို့၏ Swab နမူနာများကို RDT ဖြင့် ဓာတ်ခွဲစစ်ဆေးရာ လေးလုမ်းရပ်ကွက်တွင်နေထိုင်သူ အသက် (၇၀)နှစ်အရွယ်အမျိုးသမီး တစ်ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်းသိရသည်။
နိုင်ငံတော်မှ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရာတွင် အထောက်အကူပြု နိုင်ရေး ကော့သောင်းမြို့တွင် ရန်ပုံငွေရှာဖွေမှုများဆောင်ရွက်
Jan 29,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် နိုင်ငံတော်မှကိုဗစ်ကာကွယ်ဆေးဝယ်ယူရာတွင် အထောက်အကူ ပြုနိုင်ရေးရန်ပုံငွေရှာဖွေ အလှူခံသည့် လုပ်ငန်းများကို စေတနာဝန်ထမ်းပရဟိတလုပ်ငန်းအဖြစ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထီးချိုင်မြို့နယ်တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုး အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်
Jan 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုး အိမ်ထောင်စုများ စားသောက်ရေး အဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂ သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးရုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ စာကြည့်တိုက်မှူး(၃၀)ဦးအား ဆရာဝန်နိုင်ငံရေးသမား ဒေါက်တာဇော်မြင့်မောင် စာအုပ်ပေးအပ်လှူဒါန်း
Jan 29,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်နှင့်ကျောင်းစာကြည့် တိုက်များရှိ စာကြည့်တိုက်မှူး (၃၀)ဦးအားဆရာဝန်နိုင်ငံရေး သမားဒေါက်တာဇော်မြင့်မောင်၏ စာအုပ် ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မန့်ဟီးရိုးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဝန်ထမ်းအိမ်ယာ (Steel Structure)-(၁) ထပ်ဆောင် ဆောက်လုပ်
Jan 29,2021
မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ရပ်ကွက်(၁)အတွင်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် အတွင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဝန်ထမ်းအိမ်ယာ (Steel Structure) (၁)ထပ် အဆောက်အဦအား ဆောက်လုပ်လျက်ရှိသည်။
ကသာမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေများ ပေးအပ်
Jan 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၁)နာရီအချိန်ခန့်က ကသာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ခါမ်းပါတ်မြို့၊ ကမ္မကြီးကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ မြောင်းကူးတံတားများ ဆောက်လုပ်လျက်ရှိ
Jan 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ထင်းဇင်ကျေးရွာအုပ်စု၊ ကမ္မကြီးကျေးရွာတွင် လယ်ယာ ကုန်ထုတ်လမ်း ဖောက်လုပ်ပေးမည်ဖြစ်ပြီး လက်ရှိတွင်အဆိုပါလမ်းပေါ်ရှိ မြောင်းကူးတံတားများ စတင် ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။
ပန်းတနော်မြို့နယ် မင်းတစုကျေးရွာရှိ ဦးအောင်ဇေယျလမ်းနှင့် အောင်ဗောဓိလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Jan 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်း အတိုးရငွေနှင့် ဒေသခံပြည်သူများ ထည့်ဝင် လှူဒါန်းငွေများဖြင့် ပူးပေါင်းဆောင်ရွက်ကာ မင်းတစုကျေးရွာရှိ ဦးအောင်ဇေယျလမ်းနှင့် အောင်ဗောဓိလမ်း ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။