နိုင်ငံတော်မှ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရာတွင် အထောက်အကူပြု နိုင်ရေး ကော့သောင်းမြို့တွင် ရန်ပုံငွေရှာဖွေမှုများဆောင်ရွက်

ကော့သောင်း၊ ဇန်နဝါရီ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် နိုင်ငံတော်မှကိုဗစ်ကာကွယ်ဆေးဝယ်ယူရာတွင် အထောက်အကူ ပြုနိုင်ရေးရန်ပုံငွေရှာဖွေ အလှူခံသည့် လုပ်ငန်းများကို စေတနာဝန်ထမ်းပရဟိတလုပ်ငန်းအဖြစ်  ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရပ်မိရပ်ဖများနှင့် ပရဟိတလုပ်ငန်းများအစဉ်တစ်စိုက်ဆောင်ရွက်လျက်ရှိသည့် လူငယ်များ ပူးပေါင်းကာ ကော့သောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရေး ရံပုံငွေ ရှာဖွေရေး အထောက်ကူပြုအဖွဲ့ အဖြစ်ဖွဲ့စည်းကာ  ကမ္ဘာနှင့်အဝှမ်း ကူးစက်ဖြစ်ပွားနေသည့် ကိုဗစ်၁၉ရောဂါ ကာကွယ် နိုင်ရေး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူတိုင်းကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် နိုင်ငံတော်မှ ဆောင်ရွက်လျှက်ရှိသည့် ကာကွယ်ဆေးဝယ်ယူမှုလုပ်ငန်းများတွင် မြို့နေပြည်သူများ ဝိုင်းဝန်းလှူဒါန်း ပါဝင်နိုင်ကြစေရန် ကော့သောင်းမြို့၊ အမှတ်(၃၃)ကမ်းနားလမ်း အဏ္ဏဝါရပ်ကွက်တွင် အလှူခံဌာနဖွင့်လှစ် အလှူခံ ရန်ပုံငွေရှာဖွေရေးလုပ်ငန်းများကို ပရဟိတလုပ်ငန်းအဖြစ် ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်မှ ကာကွယ်ဆေးဝယ်ယူမှုလုပ်ငန်းများတွင် အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ကူညီလှူဒါန်းလိုသူ မြို့နေပြည်သူများ မှ လာရောက်ထည့်ဝင်လှူဒါန်းလျှက်ရှိကြောင်း ၊ လာရောက်လှူဒါန်းရာတွင် အလှူခံဌာနအပြင်  AYA bank account.. 0138224010002162 ထဲသို့လည်းထည့်ဝင်လှူဒါန်းနိုင်ကြောင်း၊ လှူဒါန်ဆက်သွယ်ရမည့် အဖွဲ့ဝင်များ၏ ဖုန်းနံပါတ် များအား မြို့နေပြည်သူများသိရှိနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် အသိပေးနိုးဆော် ဆောင်ရွက်လျှက်ရှိကြောင်း အလှူခံရရှိသည့် ငွေများအားစုစည်းကာ နိုင်ငံတော်သို့ထပ်မံ လွဲပြောင်းပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကျော်စိုး (ကော့သောင်း)