သတင်းများ

ဇီးကုန်းမြို့နယ်တွင် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်
Jan 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်ကူပြုစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် Mask Campaign ကို ယနေ့ နံနက် ၈ နာရီခွဲက ရန်ကုန်-ပြည်ကားလမ်းမ လမ်းဆုံမီးပွိုင့်နေရာတွင် ပြုလုပ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား အဆင်ပြေစေရန် အားဆေးနှင့် မုန့်များ ထောက်ပံ့လှူဒါန်း
Jan 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား အဆင်ပြေစေရန်အတွက် အားဆေးနှင့် မုန့်များကို ယမန်နေ့ နံနက်ပိုင်းအချိန်က ထောက်ပံ့ လှူဒါန်းခဲ့ကြသည်။
မချမ်းဘော့ မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံ
Jan 29,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်အတွင်းရှိ ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီခန့်ကမချမ်းဘော့ ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်
Jan 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးဆိုင်ရာ အသိ ပညာပေးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခြင်ပြစ်ကိုင်း မြစိမ်းရောင်စီမံကိန်း ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မည့် မြေပြင်အခြေအနေ ကွင်းဆင်းကြည့်ရှု
Jan 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေ ပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းများ အကောင်အထည်ဖော ဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ မြစိမ်းရောင် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ခြင်ပြစ်ကိုင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ကျေးရွာတွင်း ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မည့် မြေပြင်အ ခြေအနေအား ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင် ထိုးနှံ
Jan 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့ နေ့လယ် ၂ နာရီက ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တာမိုးညဲမြို့၌ ပြည်သူလူထုများနှင့် ဈေးသည်များအား နှာခေါင်းစည်း (mask) များ အခမဲ့ဖြန့်ဝေ
Jan 29,2021
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ (၅)ရက်(၁)ကြိမ်ဖွင့်လှစ်ရောင်းချလျက်ရှိသော မြို့မဈေးအဝင်းတွင် ယနေ့ နံနက်ပိုင်းက ဈေးဝယ်ပြည်သူ လူထုများနှင့် ဈေးသည်များအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးသည်။
မိုင်းနောင်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်
Jan 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်ထောက်ပံ့ငွေ များကို ရပ်ကွက်/ကျေးရွာအုပ်စုရှိ ပြည်သူများအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက်သွားရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စ၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ အသီးသီးသို့သွား​ ရောက်ပေးအပ်ခဲ့‌ကြောင်း သိရသည်။