ဝမ်းတွင်း၊ ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်နှင့်ကျောင်းစာကြည့် တိုက်များရှိ စာကြည့်တိုက်မှူး (၃၀)ဦးအားဆရာဝန်နိုင်ငံရေး သမားဒေါက်တာဇော်မြင့်မောင်၏ စာအုပ် ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိုးမင်းထက်မှ အဖွင့်စကားနှင့်ဆရာဝန် နိုင်ငံရေးသမား ဒေါက်တာဇော်မြင့်မောင်ရဲ့ကိုယ်ရေးအကျဉ်း၊ ဆရာဖြတ်သန်းခဲ့သောခရီးလမ်းများ၊ ဆောင်းပါးများ၊နိုင်ငံရေး အတွေ့အကြုံများ၊ ကဗျာများနှင့်ဒေါက်တာဇော်မြင့်မောင်ပြောကြားခဲ့သော မိန့်ခွန်းကောက်နုတ်ချက်များ အကြောင်း ကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက်တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးစိုးမင်းထက််၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်၊ မြို့နယ်ပညာရေးမှူးဒေါ်သီတာတို့မှ စာအုပ်များကိုပေးအပ်ရာ ကျောင်း စာကြည့်တိုက်နှင့်ကျေးရွာစာကြည့်တိုက်(၃၀)တိုက်တို့မှ စာကြည့် တိုက်မှူး(၃၀)ဦးတို့ကလက်ခံရယူခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိုးမင်းထက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်၊ မြို့နယ်ပညာရေးမှူးဒေါ်သီတာ၊ မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမြင့်ဇော်၊ ကျောင်းစာကြည့်တိုက်နှင့်ကျေးရွာစာကြည့်တိုက်များရှိစာကြည့်တိုက်မှူး(၃၀)ဦးတို့ တက်ရောက်ခဲ့ ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်