ပန်းတနော်မြို့နယ် မင်းတစုကျေးရွာရှိ ဦးအောင်ဇေယျလမ်းနှင့် အောင်ဗောဓိလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

ပန်းတနော် ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်း အတိုးရငွေနှင့် ဒေသခံပြည်သူများ ထည့်ဝင် လှူဒါန်းငွေများဖြင့် ပူးပေါင်းဆောင်ရွက်ကာ မင်းတစုကျေးရွာရှိ  ဦးအောင်ဇေယျလမ်းနှင့် အောင်ဗောဓိလမ်း ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်များဖြစ်သည့် ဦးအောင်ဇေယျလမ်းမှာ လမ်းအရှည် ၆၇၀ ပေ၊ လမ်းအကျယ် ပေ၊ ကွန်ကရစ်လမ်းထု လက်မဖြင့် မြစိမ်းရောင် စီမံကိန်းမှ အတိုးရရှိငွေကျပ် သိန်း ၇၀နှင့် ဒေသခံပြည်သူလူထု လှူဒါန်းငွေကျပ်သိန်း ၅၀ စုစုပေါင်း ငွေကျပ် သိန်း ၁၂၀ ဖြင့် ဆောင်ရွက်ခဲ့ပြီး အောင်ဗောဓိလမ်းမှာ လမ်းအရှည်ပေ ၇၅၀ ပေ၊ လမ်းအကျယ်ပေ ၁၀ပေ၊ ကွန်ကရစ် လမ်းထု လက်မဖြင့် မြစိမ်းရောင် စီမံကိန်းမှ အတိုးရရှိငွေကျပ်သိန်း ၁၄၀နှင့် ပြည်သူလူထု လှူဒါန်းငွေကျပ်သိန် ၇၀ စုစုပေါင်းငွေကျပ်သိန်း ၁၄၀ ဖြင့် ဆောင်ရွက်ခဲ့ကြောင်း မင်းတစုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းစိုးထံမှ သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)