သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိ ပေးနှိုးဆော်
Jan 29,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်။
ပန်း​တောင်းမြို့နယ် ရပ်ကွက်/အုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်နိုင်ရေး အသိပညာ​ပေး ရှင်းလင်းခြင်း အခမ်းအနားပြုလုပ်
Jan 29,2021
ပန်း​တောင်း​​​မြို့နယ် ရပ်ကွက်/အုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်နိုင်ရေး အသိပညာပေး ရှင်းလင်းခြင်း အခမ်းအနားကို သရက်လိန် အုပ်စု ကရင်စုကျေးရွာ ရန်အောင်မြင်ကျောင်း တိုက်၊ သဒ္ဓမ္မသုခကာရီဗိမာန်တော်ကြီး အတွင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတွက် အလှူငွေကျပ် ၂၆ သိန်းကျော် ပေးအပ် လှူဒါန်း
Jan 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရန် အတွက် မြို့နယ် အတွင်းရှိ အလှူရှင်များက အလှူငွေကျပ် ၂၆ သိန်းကျော်ကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။
ပခုက္ကူမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ်(၁၂)သိန်းလှူဒါန်း
Jan 29,2021
ပခုက္ကူမြို့နယ် Pact Global Microfinance Fund မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ပခုက္ကူမြို့၊ အထောက်အကူပြု လုပ်ငန်းကော်မတီထံ ငွေကျပ် ၁၂ သိန်း ပေးအပ်လှူဒါန်းသည်။
နတ်တလင်းမြို့နယ်တွင် NTN တွဲလက်များ ပရဟိတအဖွဲ့မှ အဘိုး၊ အဘွားများအား လစဉ်ထောက်ပံ့လှူဒါန်း
Jan 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် NTN တွဲလက်များ ပရဟိတအဖွဲ့မှ အဘိုးအဘွားများအား ယနေ့ နံနက် ၈ နာရီတွင် လစဉ်ထောက်ပံ့ပစ္စည်း၊ အလှူငွေများ လှူဒါန်းကြောင်း သိရသည်။
သက်တမ်းလွန်ဆေးဝါးများ၊ သက်တမ်းလွန်အစားအသောက်များ၊ သက်တမ်းလွန် အလှကုန် ပစ္စည်းများ တရားမဝင်ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး
Jan 29,2021
ချင်းပြည်နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဉီးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒေါက်တာဂျိုးဇက်ဗန်ဘွေအုပ် ဦးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့တို့သည် ယနေ့နံနက် ၉နာရီခွဲအချိန်က ဟားခါးမြို့ပေါ် ပြည်တော်သာရပ်ကွက်ရှိ ဆေးဝါး အရောင်းဆိုင်များ ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန်အရောင်းဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း ရောင်းချရန်မသင့်သော သက်တမ်းလွန်ဆေးဝါးများ၊အစား အသောက်နှင့် အလှကုန်ပစ္စည်းများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ဆေးဆိုင်များအတွင်း ရောင်းချလျက်ရှိသော စစ်ဆေးတွေ့ရှိသည့် သက်တမ်းလွန်များကို သိမ်းဆည်း ခဲ့ကြကြောင်း သိရှိရသည်။
ကွမ်းလုံ၌ သံလွင်တံတားသစ် တည်ဆောက်ရေးလုပ်ငန်းခွင် Quarantine Centre မှ တရုတ်နိုင်ငံသားများနှင့် မြန်မာအလုပ်သမားများအား RDT ဖြင့် စစ်ဆေးရာ ပိုးမတွေ့
Jan 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် သံလွင်မြစ်ကူး (ကွမ်းလုံ) တံတားသစ် တည်ဆောက်ရေးလုပ်ငန်းခွင် Quarantine Centre မှ တရုတ်နိုင်ငံသား(၁)ဦးသည် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရာ ၎င်း Quarantine Centre ရှိ တရုတ်နိုင်ငံသား (၄၄)ဦးနှင့် မြန်မာအလုပ်သမား (၁၄)ဦးအား RDT နည်းဖြင့် ယမန်နေ့က စစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိ ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေး၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း တပ်ဆင်စေရေး အဝါရောင် Mask Campaign ဆောင်ရွက်
Jan 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း တပ်ဆင်စေရေး အဝါရောင် Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က တညင်းကုန်းဈေးတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။