ထီးချိုင်မြို့နယ်တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုး အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်

ထီးချိုင့် ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုး အိမ်ထောင်စုများ စားသောက်ရေး အဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးရုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဟန်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန်ခွဲမှု့ကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်မှ ထောက်ပံ့ကြေးပေးအပ်ရခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထီးချိုင့်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများမှ ထပ်တိုးအိမ်ထောင်စု(၅၄၄၂)စုအတွက် ထောက်ပံ့ငွေ(၁၀၈၈)သိန်းကျော်အား ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အိမ်ထောင်စုများအား လက်ဝယ် အရောက် ထောက်ပံ့ ပေးအပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုးလွင်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ကြသည်။

ရဲလင်းထွန်း(ထီးချိုင့်)