တီးတိန်မြို့၌ Facility Quarantine ဝင်ရောက်သူ (၃၀)ဦး ကိုဗစ်- ၁၉ ရောဂါ ပိုးရှိမရှိ စစ်ဆေးရာ အမျိုးသမီးတစ်ဦးတွင် ရောဂါပိုးတွေ့ရှိ

တီးတိန်       ဇန်နဝါရီ       ၂၉

ချင်းပြည်နယ်၊ တီးတိန်မြို့၌ Facility Quarantine ဝင်ရောက်သူ (၃၀)ဦးအား ယနေ့ နံနက်ပိုင်းက  ကိုဗစ် -၁၉ရောဂါပိုး ရှိမရှိ ၄င်းတို့၏ Swab နမူနာများကို RDT ဖြင့် ဓာတ်ခွဲစစ်ဆေးရာ လေးလုမ်းရပ်ကွက်တွင်နေထိုင်သူ အသက် (၇၀)နှစ်အရွယ်အမျိုးသမီး တစ်ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်းသိရသည်။

ထို့အပြင် တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ တီးတိန်မြို့နယ်၊ ဆူဇန်ကျေးရွာနေ အသက် (၃၃)နှစ်အရွယ် အမျိုးသား တစ်ဦးသည် ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်သည်။ 

တီးတိန်ပြည်သူ့ဆေးရုံ၌ ပိုးတွေ့လူနာ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၈)ဦးတို့ ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း တီးတိန်မြို့ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)