မန့်ဟီးရိုး ဇန်နဝါရီ ၂၉
မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ရပ်ကွက်(၁)အတွင်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် အတွင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဝန်ထမ်းအိမ်ယာ (Steel Structure) (၁)ထပ် အဆောက်အဦအား ဆောက်လုပ်လျက်ရှိသည်။
အဆိုပါ ဝန်ထမ်းအိမ်ယာ အဆောက်အဦအား (၁၂-၁-၂၀၂၁) ရက်နေ့က မြေသန့်မင်္ဂလာပြုလုပ်၍ ပန္နက်စတင်ရိုက်ခဲ့ပြီး လက်ရှိ အချိန်တွင် မြေကျင်းများကို တူးဖော်ကာ ဖောင်ဒေးရှင်းအခြေခိုင် ခံနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ဝန်ထမ်းအိမ်ယာ အမျိုးအစားမှာ Steel Structure(၁)ထပ်၊ (အုတ်ညှပ်တစ်ထပ်)(၆၀ပေ x၃၀ပေ) ဖြစ်ပြီး (GTI, Civil) (Construction)မှ တာဝန်ခံကာ Khant Nyar Yin Co.Ltd က တာဝန်ယူ ဆောက်လုပ်လျက်ရှိသည်။ မန့်ဟီးရိုးမြို့၌ ဆောက်လုပ် လျက်ရှိသော ဝန်ထမ်းအိမ်ရာကို ရှမ်းပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေ (၃၆.၄၅၀)သန်းဖြင့် (၂၀၂၁-၂၀၂၂)ဘဏ္ဍာ ရေးနှစ်အတွင်း ပြီးစီးအောင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စန္ဒာ(ပြန်/ဆက်)