ခါမ်းပါတ်မြို့၊ ကမ္မကြီးကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ မြောင်းကူးတံတားများ ဆောက်လုပ်လျက်ရှိ

ခါမ်းပါတ် ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ထင်းဇင်ကျေးရွာအုပ်စု၊ ကမ္မကြီးကျေးရွာတွင် လယ်ယာ ကုန်ထုတ်လမ်း ဖောက်လုပ်ပေးမည်ဖြစ်ပြီး လက်ရှိတွင်အဆိုပါလမ်းပေါ်ရှိ မြောင်းကူးတံတားများ စတင် ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်ထုတ်လမ်းပေါ်တွင် (၂၀'×၁၄'×၁၀')အကျယ်အဝန်းရှိ ကွန်ကရစ်တံတားတစ်စင်းနှင့် (၈'×၁၆'×၆') ပေရှိ Box culvert တံတားနှစ်စင်း  စုစုပေါင်းတံတားသုံးစင်းပါဝင်မှာဖြစ်ပြီး လက်ရှိအချိန်တွင်မူ(၈'×၁၆'×၆')ပေရှိ Box culvert တံတားနှစ်စင်းတည်ဆောက်ခြင်းများ ပြီးစီးတော့မည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူတစ်ဦးထံမှ  သိရသည်။

ကုန်ထုတ်လမ်းအရှည် သုံးမိုင်နှင့် အကျယ် ၁၂ပေ ထုမြေသား ၂ပေနှင့် ၉လက်မအမြင့် ချောင်းကျောက်ခင်းခြင်း လုပ်ငန်းများ အပါအဝင် တံတားသုံးစင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၁၂၁.၁၆)သန်းဖြင့် တင်ဒါအောင်မြင်မြင်သည့် စိန်သစ္စာကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းဖောက်လုပ်ပြီးစီးသွားပါက တောင်သူလယ်သမားတို့၏ ဆက်သွယ်သွားလာမှု အဆင်ပြေ ချောမွေ့လာမည်ဖြစ်ပြီး လယ်မြေဧက ၁၃၆၀ ကျော်မှ ထွက်ရှိလာသည့် လယ်ယာထွက်ကုန်များကို စျေးကွက် အတွင်းနှင့် လုံခြုံသည့် အမိုးအကာအောက်သို့ အချိန်မီ သယ်ယူပို့ဆောင်နိုင်ကြမည်ဖြစ်သည်။

သားငယ်(ပြန်/ဆက်)