သတင်းများ

ပုလောမြို့နယ် ကျောက်လုံးကြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် အဖွဲဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ရွေးချယ် ဖွဲ့စည်း
Jan 29,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၊ ကျောက်လုံးကြီး ကျေးရွာအုပ်စုတွင် ယနေ့ နံနက် ၉ နာရီက အုပ်ချုပ်ရေးမှူးရွေးချယ်ရန် အတွက် အဖွဲ့ဝင်(၅) ဦးပါဝင်သည့် ကြီးကြပ်ရေး အဖွဲ့ရွေးချယ်ခြင်းကို ယနေ့ ဖွဲစည်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျောက်တံခါးမြို့နယ်မှ ပရဟိတလူမှု​ရေး အသင်းအဖွဲ့ဝင်များအား ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 29,2021
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်​နေ့ ကိုဗစ်-၁၉ကြိုတင် ကာကွယ်​ရေးလုပ်ငန်းများတွင် ပူး​ပေါင်း ပါဝင် ဆောင်ရွက်လျှက်ရှိသည့် ပရဟိတအဖွဲ့ဝင်များအား ကိုဗစ် - ၁၉​ရောဂါကာကွယ်​ဆေး စတင်ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်တုံ့ပြန်ရေးလုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် မေတ္တာရှင်နာ/ကူအသင်းမှ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 29,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့် မေတ္တာရှင်နာရေးကူညီမှုအသင်းမှ စေတနာ့ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့ နေ့လည် ၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် စတင် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
လိပ်သိုမြို့ ကျေးရွာများတွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူးအဖွဲ့ ရွေးချယ်ခြင်း
Jan 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ လိပ်သိုမြို့ မောင်ကျော်ကျေးရွာအုပ်စု၊ မောက်ဘလောက်ကျေးရွာ အုပ်စု၊ ကျေးကတော့ကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာအုပ်စု၊ ကဆောပလိုကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာအုပ်စုနှင့် ချီးသူစောကျေးရွာအုပ်စု တို့၌ ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များ ပြန်လည် ရွေးချယ် နိုင်ရေးအတွက် ကြီးကြပ်ရေးမှူးအဖွဲ့ ရွေးချယ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စက်ရေတွင်းပြင် သင်တန်း သားများ လက်တွေ့မြေပြင်ကွင်းဆင်း လေ့ကျင့်
Jan 29,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက် မွေးဝမ်း ကြောင်း အထောက်အကူပြု စက်ရေတွင်းပြင်သင်တန်းများ မြေပြင်ကွင်းဆင်း လက်တွေ့သင် ကြားမှုများကို ယမန်နေ့နံနက် (၉) နာရီအချိန်ခန့်က အုတ်ဖိုကျေးရွာ၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်ဆိုင်ရာ ဆရာဖြစ် သင်တန်းဖွင့်လှစ်
Jan 29,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး သင်တန်းခန်းမ၌ ယနေ့ နံနက် (၉) နာရီတွင် ကျင်းပသည့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်ဆိုင်ရာ ဆရာဖြစ်သင်တန်းဖွင့်ပွဲကို သင်တန်းသား/ သင်တန်းသူ (၂၂) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့နော်ဘူဘော(ဘွယ်ဟီခို)ဆုတောင်းတောင်အတက်လမ်းတွင် အုတ်စီရေမြောင်းလုပ်ငန်းဆောင်ရွက်
Jan 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်ပြီး မိုးတွင်းအချိန်တွင် တောင်ကျရေများကြောင့် လမ်းပျက်စီးမှုများရှိသည့်အတွက် မြို့တွင်းလမ်းများ ပျက်စီးမှုမရှိစေရန်နှင့် သန့်ရှင်းသာယာ လှပစေရန် ၊ရေစီးရေလာကောင်းမွန်‌စေရေးတို့အတွက် သံတောင်ကြီးမြို့ နော်ဘူဘော (ဘွယ်ဟီခို) ဆုတောင်းတောင် အတက်လမ်းအား အုတ်စီရေမြောင်း လုပ်ငန်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
လမ်းမ​တော်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
Jan 29,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ရပ်ကွက်များအလိုက် ထပ်တိုး ထောက်ပံ့ငွေ ပေးအပ်လျက်ရှိရာ ယမန်နေ့ ညနေ(၄)နာရီအချိန်က အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွင် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမာ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အိမ်ထောင်စု(၃၀)စုတို့အတွက် တစ်အိမ် ထောင်လျှင် ငွေကျပ်(၄၀၀၀ဝ)နှုန်း ဖြင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။