သတင်းများ

ဘောလခဲမြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Jan 30,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ် ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ အချိန် ခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ခေါင်လန်ဖူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ
Jan 30,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံ၌ထိုးနှံပေးခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့ဝင် (၅)ဦးအား စိစစ်ရွေးချယ်
Jan 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအဖွဲ့မှ ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးအား စိစစ်ရွေးချယ်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က အမှတ် (၅)ရပ်ကွက်နှင့် အမှတ်(၁၅)ရပ်ကွက်တို့တွင် ကွင်းဆင်းစိစစ် ရွေးချယ်ခြင်းပြု လုပ်ခဲ့သည်။
ညောင်ရွှေမြို့နယ်တွင်ကျန်းမာရေးဝန်ထမ်းများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံ
Jan 30,2021
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပကြောင်းသိရသည်။
ငဖဲမြို့ မြို့ပေါ်ရပ်ကွက်အားလုံးကို အသွားအလာ တားမြစ်ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထုတ်ပြန်
Jan 29,2021
မကွေးတိုင်းဒေသကြီး ငဖဲမြို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့်ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးတို့အတွက် ငဖဲမြို့ မြို့ပေါ်ရပ်ကွက်အားလုံးကို ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှ စတင်၍ အသွားအလာတားမြစ် ကန့်သတ်နယ်မြေများ အဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာတွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး
Jan 29,2021
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာအုပ်စု၊ ချောင်းလမုကျေးရွာအနီး ဒေသအခေါ်(ငါးစရံ့နီချောင်း)ထဲတွင် အမျိုးသားတစ်ဦးရေနစ်သေဆုံးနေကြောင်း သတင်းအရ ယမန်နေ့ မွန်းလွှဲပိုင်းက မောတောင်နယ်မြေစခန်း စခန်းမှူးနှင့်တာဝန်ရှိသူများသည် သက်သေများဖြစ်ကြသော ချောင်းလမုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး တို့နှင့်အတူ သွားရောက်စစ်ဆေးရာ ချောင်းလမုကျေးရွာနေ ဦးအောင်ကျော်လွင်သည် နေအိမ်၏ယာဘက်ကိုက် (၅၀) ခန့်အကွာရှိ ဒေသအခေါ် ငါးရံ့နီချောင်းကမ်းစပ်၌ မှောက်လျက် အနေအထားဖြင့် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ ရေနစ်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်းသိရသည်။