လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့ဝင် (၅)ဦးအား စိစစ်ရွေးချယ်

လှိုင်သာယာ(အရှေ့ပိုင်း)  ဇန်နဝါရီ  ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအဖွဲ့မှ ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးအား စိစစ်ရွေးချယ်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က အမှတ် (၅)ရပ်ကွက်နှင့် အမှတ်(၁၅)ရပ်ကွက်တို့တွင် ကွင်းဆင်းစိစစ် ရွေးချယ်ခြင်းပြု လုပ်ခဲ့သည်။

အဆိုပါ ရပ်ကွက်၊ ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ဝင်များ ရွေးချယ်ပေးခြင်းကို မြို့နယ်ကွင်းဆင်းရွေးချယ်ရေးအဖွဲ့မှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်း က အမှတ်(၁၅)ရပ်ကွက်ကို ကွင်းဆင်း စိစစ်ပြီး မြို့နယ်ဥပဒေအရာရှိ ဦးဧရာအောင် က အမှတ်(၅)ရပ်ကွက်ကို ကွင်းဆင်းစိစစ်ရွေးချယ်ကာ သတ်မှတ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ကြသည်။

ထိုသို့ အုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးကို မြို့နယ် ကွင်းဆင်း ရွေးချယ်ရေး အဖွဲ့ဝင်များမှ ဖိတ်ကြားထားသည့် အိမ်ထောင်စုများနှင့် ကိုယ်စားလှယ်များအား တွေ့ဆုံကာ အများကြည်ညို လေးစားပြီး ကြီးကြပ်ရေးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လိုသူ(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ စိစစ်ရွေးချယ် ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)