သတင်းများ

မိုးညှင်းခရိုင်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း ၁၆ ကျောင်းတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ လက်ဆေးဘေစင်များလှူဒါန်း
Jan 30,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၁၆ကျောင်းတွင်တပ်ဆင်အသုံးပြုရန်အတွက် ခြေနင်းလက်ဆေး ဘေစင်များ လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုးကောင်းမြို့၌ ရထားပေါ်ဈေးရောင်းသည့်ဈေးသည်ပိုးတွေ့လူနာ၏မိသားစုအပါအဝင်ဆက်စပ်ထိတွေ့သူ (၉၇)ဦးကို စစ်ဆေးရာ (၅)ဦးတွင် COVID – 19 ရောဂါပိုးတွေ့ရှိ
Jan 30,2021
ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ရထားပေါ်ဈေးရောင်းသည့် ဈေးသည် ပိုးတွေ့လူနာ၏မိသားစုအပါအဝင် ဆက်စပ်ထိတွေ့သူ(၉၇)ဦးအား COVID RDT Test Kit ဖြင့် ဇန်နဝါရီ(၂၉)ရက်တွင် ဆက်လက်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ(၅)ဦး ထပ်မံတွေ့ရှိ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်
ရွှေဘိုခရိုင်၊ကျောက်မြောင်းမြို့တွင် ယခင်ထောက်ပံ့ ငွေမရရှိသူများအား နိုင်ငံတော်က ထောက်ပံ့ငွေ ၂ သောင်းကျပ်နှုန်း ပေးအပ်
Jan 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေပေးအပ်ရာ ယခင်ပေးအပ်သည့် အကြိမ်များတွင် မရရှိခဲ့ကြသော အိမ်ထောင်စုများကို ယနေ့နေ့ နံနက်(၉) နာရီအချိန်က ရပ်ကွက်များအတွင်းရှိ မိသားစုနေအိမ်များအရောက် တာဝန်ရှိသူများက သွားရောက်ကာ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်အတွင်းရှိ ပုံမန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား ထပ်တိုး အိမ်ထောင်စုများအား ရပ်ကွက်/ကျေးရွာအလိုက် ထောက်ပံ့ငွေများပေးအပ်
Jan 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားထပ်တိုးအိမ်ထောင်စုများအတွက် နိုင်ငံတော်မှအိမ်ထောင်စုတစ်စုလျင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ​ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့ကရပ်ကွက်/ ကျေးရွာအလိုက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်သည့် စဝ်မန်ဖလမ်းသွယ်ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကျင်းပ
Jan 30,2021
(၇၄)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်သည့် အမှတ်(၄)ရပ်ကွက်ရှိ စဝ်မန်ဖ လမ်းသွယ်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ကိုကိုးကျွန်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား လစဉ်ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုပေးနေ
Jan 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ကိုကိုးကျွန်းမြို့နယ်တွင် ကျန်းမာရေး နှင့်အားကစားဝန်ကြီး ဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုကိုးကျွန်းမြို့နယ်ရှိ သက်ကြီး ဘိုးဘွားများကိုလစဉ်ပုံမှန် ကျန်းမာရေး စောင့်ရှောက် ပေးလျှက်ရှိရာ ယမန်နေ့နံနက်တွင် မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာသန့်ဇင်ဉီးဆောင်၍ မြို့နယ်ဆေးရုံ တွင်လိုအပ် သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
မိုင်းဆတ်မြို့၌ ခွဲစိတ်ခန်းပါ(၂)ထပ်လူနာဆောင်ဆောက်လုပ်ရန်ပန္နက်တင် မင်္ဂလာအခမ်း အနားကျင်းပ
Jan 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခွဲစိတ်ခန်းပါ(၂)ထပ် လူနာဆောင်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံဝင်း၌ ကျင်းပသည်။