သံတောင်ကြီးမြို့နော်ဘူဘော(ဘွယ်ဟီခို)ဆုတောင်းတောင်အတက်လမ်းတွင် အုတ်စီရေမြောင်းလုပ်ငန်းဆောင်ရွက်
Jan 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်ပြီး မိုးတွင်းအချိန်တွင် တောင်ကျရေများကြောင့် လမ်းပျက်စီးမှုများရှိသည့်အတွက် မြို့တွင်းလမ်းများ ပျက်စီးမှုမရှိစေရန်နှင့် သန့်ရှင်းသာယာ လှပစေရန် ၊ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် သံတောင်ကြီးမြို့ နော်ဘူဘော (ဘွယ်ဟီခို) ဆုတောင်းတောင် အတက်လမ်းအား အုတ်စီရေမြောင်း လုပ်ငန်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။