လှိုင်းဘွဲ - ဇန်နဝါရီလ-၃၀
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် (ဃ)ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရန်အတွက် အဖွဲ့ဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ယမန်နေ့က အောင်ဆန်းခန်းမ၌ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရန်အတွက် လှိုင်းဘွဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရွေးချယ်ဖွဲ့စည်း ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့်ကြီးကြပ်ရေးအဖွဲ့ကို သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရွေး ချယ်ပေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်များကို ၂၀၂၁ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် စတင် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ဌာန ဆိုင်ရာများ ပူးပေါင်း၍ ရပ်ကွက်အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေနှင့်အညီ သတ်မှတ်ကာလအတွင်း အပြီး ရွေးချယ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)