ခေါင်လန်ဖူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

ခေါင်လန်ဖူး  ဇန်နဝါရီ  ၃၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံ၌ထိုးနှံပေးခဲ့သည်။

ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကုသရေးဦးစီးဌာနမှ ဝန်ထမ်း(၁၀)ဦး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှဝန်ထမ်း(၁၀)ဦး၊ စုစုပေါင်း ကျန်းမာရေးဝန်ထမ်း(၂၀)ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း၊ ယင်းကာကွယ်ဆေးထိုးနှံထားသူများသည် ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင်ဒုတိယအကြိမ် ပြန်လည်ထိုးနှံရမည် ဖြစ်ကြောင်းနှင့် တစ်ဦးလျှင်ကာကွယ် ဆေးနှစ်ကြိမ်ထိုးရမည်ဖြစ်ကြောင်း မြို့ နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဂွမ်ဆိုင်းလီထံမှသိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး၍ ကျန်းမာရေးပြဿာနာများဖြစ်ပေါ်လာပါက အချိန်မီကုသစစ်ဆေးခြင်း ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာပြင်ဆင်မှုများ ဆောင်ရွက်ထားရှိခြင်းနှင့် ကာကွယ် ဆေးထိုးနှံခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 ငြိမ်းအိအိဖြိုး(ပြန်/ဆက်)