ဘောလခဲ ဇန်နဝါရီ ၃၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ် ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ အချိန် ခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုးရယ်က အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို(၅)နှစ်သက်တမ်း ကြိုးစားဆောင်ရွက်လာပြီးဖြစ်၍ ကျေးလက်ဒေသနေ ပြည်သူများ ဖွံဖြိုးတိုးတက်လာမှု အခြေအနေများကို လေ့လာသုံးသပ်ပြီး ကျေးလက်ဒေသများအတွက် အမှန်တကယ် အကျိုးပြု လုပ်ငန်းများနှင့် ကျေးလက်နေ ပြည်သူများ ဖွံဖြိုးတိုးတက်လာစေရေးကို အလေးပေးအကြံပြု ဆွေးနွေးသွားကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ဘောလခဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးလင်းမောင်က ထပ်ဆင့်အမှာစကား ပြောကြားပေးပြီး မြို့နယ်ကျေးလက်ဦးစီးဌာန မြစိမ်းရောင် ကျေးရွာစီမံကိန်း မြို့နယ်တာဝန်ခံ တစ်ဦးက မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်း ဆွေးနွေးခြင်း၊ အစုအဖွဲ့ဖြင့် ခြုံငုံသုံးသပ်ပေးခြင်း၊ အကောင်းဆုံးစံပြ ကျေးရွာတစ်ရွာ ရွေးချယ်သတ်မှတ်ပြီး အခမ်းအနားသို့ တက်ရောက်လာသူ တာဝန်ရှိသူများ အသီးသီးက ဆုလက်ဆောင်များ ချီးမြှင့်ခြင်းဆောင်ရွက်ပြီးကာ ဘောလခဲမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ပတ်သက်၍ ခြုံငုံသုံးသပ်ဆွေနွေးခြင်းဖြင့် အခမ်းအနားကို ၁၂ နာရီ ၁၅ မိနစ် အချိန်၌ ပိတ်သိမ်းလိုက်သည်။
အဆိုပါအခမ်းအနားကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းအတိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
လှရွှေ